ကိုယ်တိုင် မသိလိုက်ဘဲ အလေးချိိန်ကျစေမည့် အကျင့်ကောင်းများ
01-Mar-2017
၁။ တစ်ပတ်ကို တစ်ရက်သာ အပြင်၌ စားခြင်း
တစ်ပတ်ကို တစ်ရက်လောက်သာ အပြင်မှာ စားတတ်တဲ့အကျင့် ရှိသူတွေဟာ ကိုယ်အလေးချိန် တက်ဖို့ အခွင့်အရေး နည်းပါးတယ်။ အပြင်ဆိုင်မှာ စားမယ်ဆိုရင်လည်း ကြက်ဆင်သား၊ ကြက်ရင်ပုံသားနဲ့အဆီနည်း အသားတွေကိုသာ ရွေးချယ်ပေးပါ။ ဆီကြော်စာတွေနဲ့ လတ်ဆတ်မှု မရှိဘဲ အစားအစာတွေကို ရှောင်ဖို့တော့ မမေ့ပါနဲ့။ ဒါဟာသင့်ကို တစ်လမှာ ပေါင်၂ဝလောက်ကျစေတဲ့ နည်လမ်းပါပဲ။
၂။ အငန်စာများကို ရှောင်ခြင်း
အငန်စာတွေ အစားများတာက ကိုယ်အလေးချိန် တိုးစေနိုင်ပါတယ်။ အငန်၊အချိုလွန်ကဲတဲ့ အစားအစာတွေကို ကြိုက်တတ်သူတွေက တစ်လမှာ ပေါင် ၂ဝလောက် တိုးလာတတ်တာကြောင့် ဒါတွေကို ရှောင်မယ်ဆိုရင်တော့ တစ်လမှာပေါင်၂၀ မကျရင်တောင် တိုးမလာတော့ဘူးပေါ့။
၃။ မနက်စာ ပုံမှန်စားခြင်း
မနက်စာ မစားမိတာကြောင့် နေ့လယ်နဲ့ ညပိုင်းမှာ အစားတွေကို ပိုစားမိစေတာကြောင့်ပါ။ မနက်ပိုင်းကို ကယ်လိုရီ ၃၀၀ လောက် ပါဝင်အောင် စားပေးပါ။
၄။ ဆေးလိပ် မသောက်တတ်ခြင်း
ကိုယ်အလေးချိန် တက်နေတဲ့သူတွေဟာ ဆေးလိပ် သောက်တတ်တယ်ဆိုရင် ဆေးလိပ် သောက်တတ်တဲ့ အကျင့်ကို ဖြတ်လိုက်တာနဲ့ တစ်လ အတွင်းမှာ ကိုယ်အလေးချိ်န် ၂၅ ပေါင်လောက် ကျသွားနိုင်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
၅။ အသင့်စာများကို မနှစ်သက်ခြင်း
သဘာဝနည်းနဲ့ စိုက်ပျိုးထားတဲ့ အသီးအနှံတွေ၊ လတ်ဆတ်တဲ့ အသားငါးတွေကသာ သင့်ကျန်းမာရေးကို အထောက်အကူပြုပြီး အာဟာရ ပြည့်ဝစေတာပါ။ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေကြောင့် သင့်ကိုယ်အလေးချိန်ကို တိုးလာစေပါတယ်။
၆။ လမ်းလျှောက်တတ်သော အကျင့်ရှိခြင်း
အလုပ်သွားအလုပ်ပြန် လမ်းလျှောက်တာမျိုး၊ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်တာမျိုး၊ ဘတ်စ်ကားဂိတ်ကို လမ်းလျှောက်သွားတာမျိုး၊ နေ့လယ်စာ စားပြီးတိုင်း လမ်းပုံမှန်လျှောက်တာမျိုးနဲ့ သိပ်မဝေးတဲ့နေရာကို စက်ဘီး၊ဆိုက်ကားနဲ့ ကားမသုံးဘဲ လမ်းလျှောက်သွားတတ်တဲ့ အကျင့်ရှိသူတွေဟာ ကျန်းမာတဲ့ကိုယ်အလေးချိန်ကို ပိုင်ဆိုင်နိုင်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက်တော့ လမ်းလျှောက် လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။
၇။ သီချင်းနားထောင်ပြီး လေ့ကျင့်ခန်း ပြုလုပ်တတ်ခြင်း
လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ကိုယ်လေ့ကျင့်နေတဲ့ လေ့ကျင့်ခန်းကိုပဲ အာရုံစိုက်နေတာကြောင့် အချိန်တွေက ပိုကြာတယ်လို့ ထင်နေတတ်ပြီး ပျင်းရိမှုကို ခံစားရနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်း ပြုလုပ်နေချိန်မှာ ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းကို နားထောင်နေမယ်ဆိုရင်တော့ အချိန်တွေက ကုန်မှန်းမသိ ကုန်သွားပြီး လေ့ကျင့်ခန်းပြုလုပ်တဲ့ အချိန်လည်း ပိုကြာလာမှာဖြစ်ပါတယ်။
၈။ အသီးအရွက် ကြိုက်တတ်ခြင်း
အသီးအရွက်တွေကို ပိုပြီး ကြိုက်တတ်တဲ့သူတွေဟာ အသားငါးကို ပိုကြိုက်တဲ့သူတွေထက် ကိုယ်အလေးချိန် မှန်ကန်တတ်ပါတယ်။ အသီးအနှံတွေထဲမှာ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ အာနိသင်တွေ များစွာ ပါဝင်တဲ့အပြင် ဆာလောင်မှုကို ဟန့်တားနိုင်တာကြောင့် ကိုယ်အလေးချိန် တက်မလာတော့ပါဘူး။
၉။ပြေးလွှားခုန်ပေါက် နေတတ်ခြင်း
တစ်နေ့ကို မိနစ် ၂၀ လောက် အပြေးလေ့ကျင့်သူတွေဟာ နှစ်လကြာတဲ့အချိန်မှာကိုယ်အလေးချိန် ပေါင် ၂၀ လောက်ကျသွားနိုင်ပါတယ်။
၁၀။ ယောဂကို စိတ်ဝင်စားခြင်း
ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ရောစိတ်ပါ ကျန်းမာစေတဲ့ လေ့ကျင့်ခန်းမျိုးပါ။ ယောဂ လေ့ကျင့်တာကို စိတ်ပါဝင်စားပြီး လေ့ကျင့်တတ်သူတွေဟာ စိတ်ကို တည်ငြိမ်စေပြီး ဖိစီးမှုတွေကိုလည်း ပြေပျောက်စေကာ၊ ကျန်းမာနေစေပါတယ်။
၁၁။ အစေ့အဆန်များ စားတတ်ခြင်း
အစေ့အဆန်တွေကို ပိုပြီး စားမိစေဖို့ သင့်အခန်းထဲမှာ အနက်ရောင်ချောကလက်နဲ့ အစေ့အဆန်တွေကို သိမ်းထားပေးပါ။ ဒါဆိုရင်တော့ အလွယ်တကူ ယူပြီး စားမိနိုင်ပါလိမ့်မယ်။ ကိုယ်အလေးချိန် ချချင်သူတွေအနေနဲ့ ညဘက်မှာ အနက်ရောင်ချော့ကလက် တစ်လက်မအရွယ် တစ်တုံးနဲ့ ဝိုင်တစ်ခွက် သောက်ပေးတာကြောင့် သုံးလ အတွင်းမှ ပေါင် ၂၀ ကျစေနိုင်ပါတယ်။
၁၂။အက ဝါသနာ ပါခြင်း
အက လေ့ကျင့်ခန်းကို ပုံမှန်လေ့ကျင့်တာကြောင့် သုံးလအတွင်းမှာ အဆီပိုတွေကို လောင်ကျွမ်းသွားစေနိုင်ပါတယ်။ အက လေ့ကျင့်ခန်းကြောင့် စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထွက်စေပြီး စိတ်ကိုလည်း ကြည်လင်လန်းဆန်းနေစေပါတယ်။
၁၃။ ညဘက် သရေစာ မစားတတ်ခြင်း
အဝလွန်တတ်သူ တော်တော်များများနဲ့ ကိုယ်အလေးချိန် တက်လာသူတွေဟာ ညဘက်မှာ အစာစားတတ်ကြပါတယ်။ ညနေ ခြောက်နာရီကျော်တာနဲ့ အစာ အများကြီး မစားသင့်တော့ပါဘူး။ သရေစာကိုလည်း တစွတ်စွတ် စားမနေသင့်တော့ပါဘူး။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : လမင်းလေး
Page.124, Arogyam, No.257, December 2013.